ရန်ကုန် Taxi — GC Taxi နဲ့ GC Car
အနီးဆုံး အားနေတဲ့ကားကို စက္ကန့်ပိုင်းအတွင်း ခေါ်ပါ။ မထွက်ခင် ဈေးနှုန်း သိရပြီး ပုံမှန်/Premium ရွေးနိုင်၊ လေဆိပ်သွားဖို့ ကြိုတင် booking လည်း လုပ်နိုင်ပါတယ်။
ရန်ကုန် Taxi ခေါ်၊ ပစ္စည်းပို့၊ Online ဈေးဝယ်၊ ဘုရားဖူးကား၊ အိမ်ပြောင်းကား၊ လက်မှတ် — GOOD CHOICE app တစ်ခုတည်းမှာ မြန်မာလို။ ဂိုဂို က လမ်းပြပေးပါတယ်။
အကောင့်တစ်ခုတည်းနဲ့ နေ့စဉ် ခရီးကနေ တစ်နှစ်တစ်ခါ ခရီးအထိ။ Map ပေါ်ကနေ ကိုယ်တိုင် ဖြစ်ဖြစ်၊ ဝန်ထမ်းကို ပြောပြီး ဖြစ်ဖြစ် — ကြိုက်သလို မှာပါ။
အနီးဆုံး အားနေတဲ့ကားကို စက္ကန့်ပိုင်းအတွင်း ခေါ်ပါ။ မထွက်ခင် ဈေးနှုန်း သိရပြီး ပုံမှန်/Premium ရွေးနိုင်၊ လေဆိပ်သွားဖို့ ကြိုတင် booking လည်း လုပ်နိုင်ပါတယ်။
စာရွက်ကနေ ပါဆယ်ထုပ်အထိ မြို့တွင်း မြန်မြန်ပို့။ ရောက်တဲ့အထိ map ပေါ်မှာ ကြည့်နိုင်။
ရန်ကုန်ဆိုင်တွေကနေ မှာပြီး အိမ်အရောက် ပို့ခိုင်းပါ။ ဆိုင်ရှင်တွေ ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်။
မိသားစု ဘုရားဖူး၊ နယ်ခရီးအတွက် ကားနဲ့ ယာဉ်မောင်း စီစဉ်ပေး။ ဈေးနှုန်း ကြိုပြောပေးပါတယ်။
အိမ်/ရုံး ပြောင်းမလား? ပစ္စည်းတွေ ပြောပြရုံနဲ့ ကားနဲ့ လူအင်အား ဈေးနှုန်း ပြန်ပေးပါတယ်။
ဘယ်ကို၊ ဘယ်နေ့ ပြောရုံနဲ့ လက်မှတ် ဝယ်ပေးပါတယ်။
ကားရောင်းချင်ရင် ကြော်ငြာတင်၊ ဝယ်ချင်ရင် စစ်ပြီးသား ကြော်ငြာတွေထဲက ရွေး။
App မသုံးတတ်လည်း ရပါတယ်။ ဝန်ထမ်းကို chat ဒါမှမဟုတ် ဖုန်းနဲ့ ပြောရင် booking လုပ်ပေးပါတယ်။ အိမ်က လူကြီးတွေအတွက် အဆင်ပြေပါတယ်။
မြန်မာလို ရှာဖွေ၊ ဘတ်စ်ကား လမ်းကြောင်း၊ ဝင်ပေါက် အတိအကျ၊ အသံ လမ်းညွှန် ပါတဲ့ ကိုယ်ပိုင် ရန်ကုန်မြေပုံ။ ဘယ် browser မှာမဆို ဖွင့်နိုင်။
ကျွန်ုပ်တို့ ကိုယ်ပိုင် ရန်ကုန်မြေပုံ။ ဘယ် browser မှာမဆို ဖွင့်ရုံပဲ — ဒေါင်းစရာ မလို၊ အကောင့် မလို၊ အခမဲ့။
Map data © OpenStreetMap contributors · GOOD CHOICE
ဂိုဂို က GOOD CHOICE app တိုင်းမှာ နေတဲ့ ချစ်စရာ ကားလေးပါ။ မြန်မာလို ရိုးရိုး မေးလိုက်ရုံပဲ — သင့်ရဲ့ ခရီးစဉ်၊ သိမ်းထားတဲ့နေရာ၊ wallet ကနေ ဖြေပေးပြီး လုပ်စရာကိုပါ လုပ်ပေးပါတယ်။
ရန်ကုန်သားတွေ တကယ် သွားလာပုံကို အခြေခံပြီး အသေးစိတ် တည်ဆောက်ထားပါတယ်။
လိုင်စင်၊ မှတ်ပုံတင်၊ ကားစာရွက်တွေကို ဝန်ထမ်း စစ်ပြီး မျက်နှာ စစ်ဆေးမှု ပုံမှန် လုပ်ပါတယ်။
ခရီးသည်တွေ selfie တစ်ပုံနဲ့ အတည်ပြုလို့ driver တွေလည်း စိတ်ချရ။
တစ်ချက်နှိပ်ရုံနဲ့ အကူအညီ ခေါ်ပြီး မိသားစုကို live ခရီး ပြနိုင်ပါတယ်။
ရောက်မယ့်အချိန်နဲ့ ကားနံပါတ်ကို app မဖွင့်ဘဲ မြင်ရ။
ငွေသား၊ KBZPay၊ WavePay၊ AYA Pay — driver ဆီ တိုက်ရိုက်။ ကြားထဲ ဖြတ်ခ မရှိ။
ဖုန်းနံပါတ် + PIN နဲ့ ဝင်၊ app ကို မျက်နှာ/လက်ဗွေနဲ့ သော့ခတ်။
မနက်စောစော လေယာဉ်၊ အရေးကြီးနေ့ — ညကတည်းက ကားကြိုမှာထား။
Event QR scan ဖတ်ပြီး promo ယူ၊ ပွိုင့်စုပြီး ဆုလဲ။
ခေါင်းစဉ် ရွေးပါ။ အဆင့်တိုင်းမှာ app ရဲ့ တကယ့် screen ကို ပြထားပါတယ်။




GOOD CHOICE ယာဉ်မောင်း ၅၀၀ ကျော်နဲ့ အတူ ပါဝင်လိုက်ပါ။ စည်းကမ်း ရှင်းလင်း၊ ငွေကို တိုက်ရိုက်ရ၊ မြန်မာလို ပြောတဲ့ app။
Wallet ငွေဖြည့်တိုင်းနဲ့ driver အသစ် ဖိတ်ခေါ်တိုင်း ပွိုင့်ရ။ ပွိုင့်တန်ဖိုးများ ပြောင်းလဲနိုင်ပါတယ် — app ထဲမှာ ကြည့်ပါ။
ရန်ကုန်သားတွေ နေ့တိုင်း ဖွင့်ကြည့်တဲ့ app နဲ့ map ပေါ်မှာ သင့်လုပ်ငန်း ပေါ်နေပါစေ။
GOOD CHOICE app ထဲမှာ ပစ္စည်းတင်၊ အော်ဒါလက်ခံ၊ ကျွန်ုပ်တို့ driver တွေက ပို့ပေး။
ဆက်သွယ်မယ်ဆိုင်၊ ဖွင့်ချိန်၊ ဖုန်းကို map ပေါ် အခမဲ့ ထည့်ပါ — လူတွေ ရှာတွေ့ပြီး လမ်းကြောင်းနဲ့ လာနိုင်။
ဆိုင် ထည့်မယ်ကားအစီးများစွာ ပိုင်သူ၊ promotion နဲ့ event အတူလုပ်ချင်သူများ — ဆက်သွယ်ပါ။
ပူးပေါင်းမယ်GOOD CHOICE (Good Choice Innovation) သည် ရန်ကုန်၊ မြောက်ဥက္ကလာပ အခြေစိုက် မြန်မာ နည်းပညာ ကုမ္ပဏီ ဖြစ်ပါတယ်။ GOOD CHOICE Taxi အဖြစ် စတင်ခဲ့ပြီး ဒေသခံ ယာဉ်မောင်း ရာနဲ့ချီတို့နဲ့အတူ ကားခေါ်ခြင်း၊ ပို့ဆောင်ရေး၊ ဈေးဝယ်ခြင်းနဲ့ မြေပုံ ဝန်ဆောင်မှုတွေ စုစည်းထားတဲ့ super app အဖြစ် ကြီးထွားလာပါတယ်။
အက်ပ်တွေကနေ ကိုယ်ပိုင် ရန်ကုန်မြေပုံ server အထိ နည်းပညာကို ကိုယ်တိုင် တည်ဆောက်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေ တကယ်နေထိုင်ပုံ — မြန်မာလို၊ ငွေသား/mobile pay နဲ့၊ လိုအပ်ရင် လူကိုယ်တိုင် ကူညီပေးနိုင်အောင် — လုပ်နိုင်ပါတယ်။
Screen တိုင်း၊ အသံတိုင်း၊ အဖြေတိုင်း မြန်မာလို — လိုရင် English။
နှစ်ဘက်လုံး အတည်ပြုထားသူ၊ ခရီးတိုင်း SOS၊ ကိုယ်ရေးအချက်အလက် လုံခြုံ။
မျှတတဲ့ commission၊ တိုက်ရိုက်ငွေရ၊ ဆုလက်ဆောင်၊ ဖုန်းကိုင်တဲ့ အဖွဲ့။
App၊ server၊ GC Map — ကိုယ့်အဖွဲ့ ကိုယ်တိုင် တည်ဆောက်၊ လည်ပတ်။
Android ဆို Google Play မှာ ရပါတယ်။ iPhone ဆို Safari မှာ app.gc-city.com ဖွင့်ပြီး Share → Add to Home Screen နှိပ်ပါ — app လိုပဲ သုံးနိုင်ပါတယ်။ App Store ဗားရှင်း မကြာခင် ရပါမယ်။
Booking မလုပ်ခင် app ထဲမှာ ဈေးနှုန်း ပြပါတယ်။ GC Car ဆို ဈေးအပိုင်းအခြား ပြပြီး လက်ခံတဲ့ ကားအမျိုးအစားအတိုင်း သတ်မှတ်ပါတယ်။ ဘုရားဖူး၊ အိမ်ပြောင်း၊ လက်မှတ်တွေကို ဈေးနှုန်း ကြိုပို့ပေးပါတယ်။
Driver ကို ငွေသား ပေးနိုင်သလို driver ရဲ့ KBZPay၊ WavePay၊ AYA Pay ကို တိုက်ရိုက် လွှဲနိုင်ပါတယ်။ Driver ဖုန်းနံပါတ်ကို ခရီးစဉ် card မှာ ပြပေးပါတယ်။
တချို့ ဖုန်းလိုင်းတွေမှာ SMS နောက်ကျတတ်ပါတယ်။ Login screen မှာ “ဂိုဂို ကို မေးမယ်” နှိပ်ရင် ဝန်ထမ်း ကူညီပေးပါမယ်၊ ဒါမှမဟုတ် 09 444 820 075 ကို ဖုန်းဆက်ပါ။ ပထမအကြိမ် ဝင်ပြီးရင် PIN သတ်မှတ်ပြီး SMS မလိုတော့ပါ။
ခရီးစဉ် မှတ်တမ်းထဲက အဲ့ခရီးကို ဖွင့်ပြီး driver ကို ဆက်သွယ်ပါ၊ ဒါမှမဟုတ် ဂိုဂို ကို “ပစ္စည်း ကျန်ခဲ့တယ်” လို့ မေးပါ — ပြန်ရအောင် ကူညီပေးပါမယ်။
ဟုတ်ကဲ့။ ရှာဖွေခြင်း၊ လမ်းကြောင်း၊ ဘတ်စ်ကား အချက်အလက်၊ အသံ လမ်းညွှန် — map.gc-city.com မှာ အကောင့်မလိုဘဲ အခမဲ့ပါ။ ဆိုင် ကြေညာတာလည်း အခမဲ့ပါ။
Driver app ထည့်ပါ (ဒါမှမဟုတ် driver.gc-city.com ဖွင့်ပါ)၊ ဖုန်းနံပါတ်နဲ့ ဝင်ပြီး လိုင်စင်၊ မှတ်ပုံတင်၊ ကား ဓာတ်ပုံတွေ တင်ပါ။ ဝန်ထမ်း စစ်ပြီး အတည်ပြုတာနဲ့ စမောင်းနိုင်ပါပြီ။
ဝန်ဆောင်မှု ပေးဖို့ လိုသလောက်သာ ကောက်ယူပြီး ဘယ်သူ့ကိုမှ မရောင်းပါ။ Driver က ခရီးစဉ်အတွင်းသာ သင့်ဖုန်းကို မြင်ရပါတယ်။ ကိုယ်ရေးအချက်အလက် မူဝါဒ ကို ဖတ်ပါ။
သင့်အတွက် app ကို ရွေးပါ။ ဖုန်း browser မှာလည်း အကုန် သုံးနိုင်ပါတယ်။
Booking၊ ယာဉ်မောင်း လျှောက်ထားမှု၊ ပူးပေါင်းဆောင်ရွက်မှု — ဘာမဆို ဖုန်းဆက်ပါ ဒါမှမဟုတ် လာရောက်ပါ။
ဥမ္မာလမ်း၊ အမှတ် (၁) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့